ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အစ္စရေးက အီရန်ကို တိုက်ခိုက်မှု လှိုင်းသစ်တွေစတင်
အစ္စရေးက အီရန်ကို တိုက်ခိုက်မှု လှိုင်းသစ်တွေစတင်
အစ္စရေး စစ်တပ်က တီဟီရန်ထဲကို တိုက်ခိုက်မှု လှိုင်းသစ်တွေ စတင်လိုက်ပါတယ်။ အီရန်ရဲ့ ဒုံးပစ်စင်နဲ့ ကာကွယ်ရေးစနစ်တွေကို ပစ်မှတ်ထားတာ ဖြစ်ပြီး တီဟီရန်မြို့တော်ထဲမှာလည်း ပြင်းထန်တဲ့ ပေါက်ကွဲသံတွေ ဆက်တိုက်ကြားခဲ့ရပါတယ်။ ပေါက်ကွဲသံတွေထဲက တခုက ပါလက်စတိုင်းထောက်ခံပြီး အစ္စရေးကို ဆန့်ကျင်တဲ့ Quds ချီတက်ပွဲတခု အနီးမှာ ကြားခဲ့ရတာ ဖြစ်ပါတယ်။