လွှတ်တော် အမြဲတမ်းကော်မတီတွေမှာ ဗိုလ်ချုပ်ဟောင်းတွေ ဦးဆောင်

ဗီဒီယို ပုံစာ, လွှတ်တော် ရေးရာ အမြဲတမ်း ကော်မတီလေးခုကို ဖွဲ့စည်း
လွှတ်တော် အမြဲတမ်းကော်မတီတွေမှာ ဗိုလ်ချုပ်ဟောင်းတွေ ဦးဆောင်

နေပြည်တော်မှာကျင်းပနေတဲ့ လွှတ်တော်နှစ်ရပ်မှာ လွှတ်တော် အမြဲတမ်း ကော်မတီလေးခုကိုဆက်တိုက်ဖွဲ့စည်းနေပါတယ်။ ဒီကော်မတီတွေဟာ အစိုးရကို အပြန်အလှန်ထိန်းကျောင်းကြပ်မတ်ရမယ့် အဓိကကျတဲ့လွှတ်တော်ရဲ့ ယန္တရားကြီးတွေ လည်းဖြစ်ပါတယ်။ အဲဒီကော်မတီလေးခုလုံးကို ကြံ့ခိုင်ရေးပါတီက ကိုယ်စားလှယ်တွေပဲ ဦးဆောင်ပြီး တပ်ကိုယ်စားလှယ် ၂ ဦးစီလည်း ထည့်သွင်းဖွဲ့စည်းထားပါတယ်။ ဥက္ကဋ္ဌအများစုဟာလည်း စစ်ဗိုလ်ချုပ်ဟောင်းတွေ ဖြစ်ပါတယ်။ လာမယ့် မတ်လ ၂၆ရက်နေ့မှာ ကော်မတီအားလုံးဖွဲ့စည်းမှု အပြီးသတ် ဆောင်ရွက်မှာဖြစ်ပါတယ်။ အပြည့်အစုံကို မအေးသူစံက နေပြည်တော်က နေ သတင်းပေးပို့ထားပါတယ်။