ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အီရန် တော်လှန်ရေးအစောင့်တပ်ရဲ့ ရေတပ် တပ်မှူးကို သုတ်သင်နိုင်ခဲ့တယ်လို့ အစ္စရေး ပြော
အီရန် တော်လှန်ရေးအစောင့်တပ်ရဲ့ ရေတပ် တပ်မှူးကို သုတ်သင်နိုင်ခဲ့တယ်လို့ အစ္စရေး ပြော
အီရန် တော်လှန်ရေးအစောင့်တပ်ရဲ့ ရေတပ် တပ်မှူး အာလီရီဇာ တန်ဆီရီ ကို သုတ်သင်လိုက်ပြီလို့ အစ္စရေးက ပြောပါတယ်။ အစ္စရး ကာကွယ်ရေးဝန်ကြီး အစ္စရေးလ် ကက်ဇ်က တန်ဆီရီ ဟာ ဗုံးကြဲတိုက်ခိုက်မှုနဲ့ ရေလက်ကြား ပိတ်ဆို့မှု အကြမ်းဖက်လုပ်ရပ်တွေအတွက် တိုက်ရိုက် တာဝန်ရှိပြီး သူ့ကို ဗုံးခွဲသုတ်သင်ခဲ့တာလို့ ဆိုပါတယ်။ တခြား ရေတပ် အဆင့်မြင့်အရာရှိအတော်များများလည်း သေဆုံးခဲ့တယ်လို့ သူက ပြောပါတယ်။ အီရန်ဘက်ကတော့ ဒါကို ထုတ်ဖော် အတည်မပြုသေးပါဘူး။ မသီဒါနွယ်က ပြောပြမှာပါ။