စက်သုံးဆီ အခက်အခဲကြောင့် ကုန်စိမ်း အလေအလွင့်များလာ

ဗီဒီယို ပုံစာ, စက်သုံးဆီ အခက်အခဲကြောင့် ကုန်စိမ်းတွေ အလေအလွင့်များလာ
စက်သုံးဆီ အခက်အခဲကြောင့် ကုန်စိမ်း အလေအလွင့်များလာ

စက်သုံးဆီအခက်အခဲကြောင့် စိုက်ပျိုးထွက်ကုန် သီးနှံတွေရော မွေးမြူရေး ထွက်ကုန်တွေပါ အချိန်မီပို့ဆောင်ဖို့နဲ့ ရောင်းချဖို့ အခက်ခဲတွေ ရှိလာသလို ရက်အကြာကြီးမခံတဲ့ ကုန်စိမ်းတွေလည်း အလေအလွင့်ဖြစ်တာ များလာနေတယ်လို့ တောင်သူနဲ့ ကုန်သည်တွေကပြောပါတယ်။ အထူးသဖြင့် မြို့ကြီးတွေကို နေ့စဉ်တင်ပို့နေရတဲ့ စိုက်ပျိုးရေးထွက်ကုန်တွေဟာ သယ်ယူပို့ဆောင်ခ ဈေးကြီးပေးနေရတာကြောင့် တချို့ဆိုရင် နယ်တွေမှာပဲ ရရာဈေးနဲ့ ရောင်းချနေရတယ်လို့ ဆိုပါတယ်။ အရှေ့အလယ်ပိုင်းပဋိပက္ခ သုံးပတ်အတွင်း ကြုံလာရတဲ့ စက်သုံးဆီအခက်အခဲနဲ့ ပြည်တွင်းမှာ ဘယ်လို ဖြေရှင်းနေကြရလဲဆိုတဲ့ အပေါ် မတာရာကပြောပြပေးပါမယ်။