ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကချင်မှာ တိုက်ပွဲ ပြင်းထန်လို့ ဒေသခံ တစ်ထောင် ထွက်ပြေး
တပ်မတော်နဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) အကြား တိုက်ပွဲတွေပြင်းထန်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့ရက်ပိုင်းအတွင်း နှစ်ဖက်တပ်တွေအကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေပိုပြင်းထန်လာလို့ ဒေသခံ တစ် ထောင်နီးပါး တောထဲကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သူတို့တွေကို ကူညီပေးနေသူတွေက ပြောပါတယ်။
ရာသီဥတုဆိုးရွားနေချိန်ဖြစ်ပြီး သွားလာရခက်ခဲတဲ့ ဒေသလည်းဖြစ် ကျေးရွာတွေကို သွားရတဲ့ လမ်းခရီးကလည်း တိုက်ပွဲဖြစ်ပွားတဲ့နေလို့ ကူညီဖို့ ခက်ခဲနေတယ်လို့ ဒုက္ခသည်တွေကို ကူညီပေးနေတဲ့ JST (Joint Stratery Team) အဖွဲ့မှ ဦးဂွမ်ရှာအောင်က ပြောပါတယ်။
ထွက်ပြေးတိမ်းရှောင်နေသူတွေထဲမှာ ကလေးငယ်တွေ၊ သက်ကြီးရွယ်တွေနဲ့ အမျိုးသမီးများတွေ အများစုပါဝင်တာ်လို့ သိရပါတယ်။ အရင်ကလည်း ဒီဒေသမှာ ၂၀၁၂ ခုနှစိက တိုက်ပွဲဖြစ်ပွားခဲ့ဖူးလို့ ဒေသခံတွေ စစ်ဘေးရှောင်ဖူးကြသူတွေ ဖြစ်ကြပါတယ်။
တိုက်ပွဲတွေပြန်လည် ငြိမ်သက်လို့ မူလနေရပ်မှာ ပြန်လည်နေထိုင်ချိန်မှာ ဇန်နဝါရီလက စတင်ပြီး နှစ်ဖက်တပ်တွေအကြား အခုလို တကျော့ပြန်တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားလာတာပါ။
ကချင်ပြည်နယ် အတွင်း မှာ တပ်မတော် က စစ်ဆင်ရေး တွေ တိုးမြှင့် ဆောင်ရွက် လာတာကြောင့် KIA နဲ့ အပြင်းအထန် တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားလာရတာ ဖြစ်ကြောင်း မြစ်ကြီးနားမြို့အခြေစိုက် ငြိမ်းချမ်းရေးဆွေးနွေးရေး အကျိုးဆောင်အဖွဲ့ (PCG)မှ ဦးလမိုင်ဂွန်ဂျာက ဆိုပါတယ်။
အလားတူပဲ ဒီလပိုင်းတွေအတွင်း တနိုင်းမြို့ အနီးမှာလည်း တပ်မတော်နဲ့ KIA အကြား တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားလာလို့ ဒေသခံတွေဟာ စစ်ဘေး တိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေ ပြောဆိုမှုအရ သိရှိရပါတယ်။