ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
သမ္မတ ဂျိုကိုဝီဒိုဒိုနဲ့ ဘီဘီစီ အင်တာဗျူး
မုဒိမ်းမှု ကျူးလွန်သူတွေကို ဆေးဝါးသုံးပြီး သင်းကွပ်မယ့် ဥပဒေ ပြဌာန်းလိုက်တာနဲ့ ပတ်သက်လို့ အင်ဒိုနီးရှား သမ္မတ ဂျိုကိုဝီဒိုဒိုက ကာကွယ် ပြောကြားခဲ့ပါတယ်။
မိန်းကလေးတယောက် အုပ်စုဖွဲ့ အဓမ္မ ပြုကျင့် အသတ်ခံခဲ့ရပြီးနောက် ဒီဥပဒေကို ပါလီမန်ထဲမှာ အကြိတ်အနယ် ဆွေးနွေးခဲ့ကြပြီး အခုလို ပြဋ္ဌာန်းခဲ့တာ ဖြစ်ပါတယ်။
ဘီဘီစီသတင်းထောက် ယယ်လ်ဒါ ဟက်ကင်းက သမ္မတ ဝီဒိုဒိုကို မေးမြန်းထားတာ ရှုစားရအောင်ပါ။