ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မဒါဂတ်စကားက အနာကြီးရောဂါ တိုက်ဖျက်ရေး
အနာကြီးရောဂါဟာ ကမ္ဘာတချို့နိုင်ငံတွေမှာ ဒီနေ့ ထက်ထိ ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၆ ထဲမှာတင် ကမ္ဘာတ၀န်း ရောဂါ ဖြစ်ပွားသူပေါင်း ၂ သိန်းလောက်ရှိခဲ့တယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးကပြောပါတယ်။ မဒါဂတ်စ်ကား မှာ ဆိုရင်အစိုးရ ရဲ့အနာကြီးရောဂါ တိုက်ဖျက်ရေးဌာနက နှစ်စဉ်ရောဂါဖြစ်ပွားသူပေါင်း ထောင်နဲ့ချီပြီးကုသပေးနေရကြောင်းပြောပါတယ်။ ဒါပေမယ့်ဒီရောဂါ ခံစားနေရသူ တွေမှာ ရောဂါဝေဒနာသာ မက ဘဲ အနာကြီးရောဂါနဲ့ပတ်သက်လို့ ပတ်၀န်းကျင်ရဲ့ ရှုမြင်ပုံတွေကပါ သူတို့အပေါ်မှာ ဖိစီး သက်ရောက်မှုတွေ ရှိနေပါတယ်။
ဦးဘမော်က ပြောပြမှာပါ။