ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အာရှမသန်စွမ်း အားကစားပြိုင်ပွဲအတွက် ပြင်ဆင်နေသူများ
တဦးက အရှေ့တောင်အာရှမှာ အမြန်ဆုံး မသန်စွမ်း ရေကူး သမားတွေထဲက တယောက်ပါ။ ကျန်တဦးကလည်း ရီယို ပါရာလင်းပစ်မှာ အင်ဒိုနီးရှားအတွက် ပထမဆုံးနဲ့ တခုတည်းသော ဆုတံဆိပ်ကို ဆွတ်ခူးပေးနိုင်ခဲ့တာပါ။
သူတို့နှစ်ဦးစလုံး ဒီလို ဖြစ်လာဖို့ အခက်အခဲအမျိုးမျိုးကို ကျော်လွှားခဲ့ရပါတယ်။ အခုလည်း ဒီနှစ်နှောင်းပိုင်း အင်ဒိုနီးရှားမှာ ကျင်းပမယ့် အာရှ မသန်စွမ်း အားကစား ပြိုင်ပွဲအတွက် ပြင်ဆင်နေကြပါပြီ။
သူတို့ ရဲ့ပြင်ဆင်ပုံတွေကို ရှုစားရအောင်ပါ။