ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဗုဒ္ဓဘာသာဘုရားစေတီတွေမှာ အမျိုးသမီးမဝင်ရ ရှိသင့်သလား
မြန်မာနိုင်ငံမှာ ဘုရားစေတီတွေရဲ့ အထက်ပစ္စယံတွေနဲ့ ဆင်းတုတော်တွေ ရှိတဲ့ ပလ္လင်တွေပေါ် အမျိုးသမီး မတက်ရဆိုပြီး ရေးထားတတ်တဲ့ ဓလေ့ရှိပါတယ်။
မကြာခင်က မန်းချောင်း အောက်စက်တော်ရာကို ဒေါ်အောင်ဆန်းစုကြည် ဝင်ဖူးတာကိုလည်း ကန့်ကွက်ဝေဖန်တာတွေ ရှိခဲ့ပါတယ်။
ဒီလို အမျိုးသမီး မဝင်ရ ကန့်သတ်တဲ့ ဓလေ့ ဘယ်တုန်းက စရှိနေသလဲ၊ ဒါနဲ့ ပတ်သက်ပြီး ရှေး ဆရာတော်ကြီးတွေရဲ့ ရေးသားချက်က ဘယ်လိုရှိသလဲ၊ ရန်ကုန်တက္ကသိုလ် သမိုင်းပါမောက္ခ ဒေါက်တာ မိုမို့သန့်ကို ကိုဘိုဘိုက မေးကြည့်ခဲ့ပါတယ်။