ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မဏိပူရ လူမျိုးစု အရေးအခင်း မြန်မာ စစ်ရှောင်တွေ စိုးရိမ်နေရ
ချင်းနဲ့ စစ်ကိုင်းတိုင်းဘက်က တိုက်ပွဲတွေကြောင့် အိန္ဒိယဘက်က မဏိပူရ ပြည်နယ်ထဲကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ မြန်မာ စစ်ရှောင်တွေဟာ အဲဒီဘက်က လူမျိုးစု အဓိကရုဏ်း တွေကြောင့် စိုးရိမ်နေကြရပါတယ်။ မြန်မာစစ်ဘေးရှောင်တွေကို ပြန်ပို့တာတွေလည်း ရှိနေပြန်ပါတယ်။ မဏိပူရထဲက ကသည်းနဲ့ ကူကီး လူမျိုးစုတွေရဲ့ တင်းမာမှုတွေကြားမှာ မြန်မာ စစ်ရောင်တွေ ဘယ်လို နေထိုင်နေရပါသလဲ။ မသူဇာလင်းက ဆက်ပြီး ပြောပြပေးမှာပါ။