မိုဘီဂျီနိုနဲ့ လန်ဒန်တက္ကသိုလ်မှာ မြန်မာစာသင်သူများ
မိုဘီဂျီနို အစီအစဉ်ကနေ ကြိုဆိုပါတယ်။

လန်ဒန်မြို့လယ်မှာ The School of Oriental and African Studies အရှေ့တိုင်းနဲ့ အာဖရိကရေးရာလေ့လာရေးကျောင်းဆိုတာ ရှိပါတယ်။ နာမည်အတိုကောက် SOAS ဆိုပြီး လူသိများပါတယ်။ လန်ဒန်တက္ကသိုလ် အောက်မှာရှိတဲ့ ကျောင်းတစ်ခုဖြစ်ပါတယ်။
ကျောင်းရဲ့နာမည်ထဲမှာ ပါသလို အရှေ့တိုင်း နဲ့ အာဖရိက ရေးရာ လေ့လာလိုသူတွေကြားမှာ နာမည်ကြီးတဲ့ ကျောင်းတစ်ခု ဖြစ်ပြီး အဲဒီဒေသတွေက ဘာသာစကားတွေကိုပါ သင်ပေးပါတယ်။
အဲဒီထဲမှာ မြန်မာစာ မြန်မာစကားလည်း ပါတာမို့ ဒီကျောင်းမှာ မြန်မာစာ လေ့လာနေတဲ့ ကျောင်းသူကျောင်းသား ၂ ဦးနဲ့ မေးမြန်းပြီး မိုဘီဂျီနို အစီအစဉ်မှာ တင်ဆက်ထားပါတယ်။
မိုဘီ ဂျီနို အစီအစဉ်
မိုဘီ ဂျီနို အစီအစဉ်ဟာ ဒီနေ့ခတ်ရဲ့ ရှင်သန်ရွေ့လျားနေတဲ့ မျိုးဆက် Mobile Generation (Mobi-Geno) အတွက် ရည်ရွယ်ပြီး ဒီမျိုးဆက်ထဲက လူငယ် လူရွယ်တွေ စိတ်ဝင်စားမယ့် အကြောင်း အရာတွေ တင်ဆက်ပေးနေပါတယ်။
ဒီကဏ္ဍနဲ့ ပတ်သက်ပြီး ဝေဖန်အကြုံပြုလိုရင်ဖြစ်ဖြစ်၊ ကိုယ့်ရဲ့ ထူးခြားတဲ့ အတွေ့အကြုံတွေ၊ အနာဂတ်အိပ်မက်တွေကို ဝေမျှပြောပြချင်လို့ပဲဖြစ်ဖြစ် ဆက်သွယ် နိုင်ကြပါတယ်။
အီးမေးလ်နဲ့ဆိုရင် burmese@bbc.co.uk ဖြစ်ဖြစ်၊ bbcburmese@gmail.com ကိုပဲ ဖြစ်ဖြစ် ဆက်သွယ်နိုင်သလို BBC Burmese facebook က Message ဆိုတဲ့ နေရာကနေလည်း ဆက်သွယ်နိုင်ပါတယ်။
မိုဘီဂျီနို ထုတ်လွှင့်ချိန်
မိုဘီ ဂျီနို အစီအစဉ်ကို နှစ်ပတ်တကြိမ် တနင်္လာနေ့ညတိုင်း ဘီဘီစီမြန်မာပိုင်း ရေဒီယို အသံလွှင့်အစီအစဉ်တွေမှာ နားဆင်နိုင်ပြီး ကြာသပတေး မနက်ခင်းမှာတော့ ထပ်မံ ထုတ်လွှင့်ပေးပါတယ်။
အခုအခါ ပြည်တွင်း ပတ္တမြား FM ကနေလည်း မိုဘီဂျီနို အစီအစဉ်ကို အပတ်စဥ် စနေနေ့ မနက် ၁၀ နာရီ ၂၅ မိနစ်အချိန်မှာ ထပ်မံ နားဆင်နိုင်ကြပါတယ်။