BBC

BBC navigation

ဒေါ်အောင်ဆန်းစုကြည် ကွန်ဂရက်ဆု လက်ခံ

နောက်ဆုံး ရေးသားချိန် 20 စက်တင်ဘာလ 2012 - 02:05 GMT
dassk_congress

ဒေါ်အောင်ဆန်းစုကြည် အမေရိကန် ကွန်ဂရက် လွှတ်တော်မှာ မိန့်ခွန်း ပေးစဉ်

၂၀၀၈ ခုနှစ်မှာ အမေရိကန် ကွန်ဂရက် က ဂုဏ်ပြုခဲ့တဲ့ Congressional Gold Medal တံဆိပ် ကို ဒေါ်အောင်ဆန်းစုကြည် ဗုဒ္ဓဟူး နေ့က လက်ခံ ခဲ့ပါတယ်။

ဆုတံဆိပ်ချီးမြှင့်တဲ့ အခမ်းအနား ကို အမေရိကန် Capitol Hill ကွန်ဂရက် လွှတ်တော် မှာ ကျင်းပခဲ့ပြီး အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန် အပါအဝင် လွှတ်တော် ၂ ရပ်လုံး က အမတ်တွေ တက်ရောက် ဂုဏ်ပြုခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည် က အခုပွဲ ကိုတက်ရောက် ရ တဲ့ အခါ စိတ်လှုပ်ရှား စရာ အကောင်းဆုံး အဖြစ် တွေ ထဲ က တခု ကို ကြုံရ သလို ပါပဲ လို့ ဆိုရင်း သူ့ရဲ့ မိန့်ခွန်း ကို စတင်ခဲ့ပါတယ်။

မြန်မာပြည်ဒီမိုကရေစီရေး ကို နှစ်ရှည်လများ တစိုက်မတ်မတ် ထောက်ခံခဲ့တဲ့ အမေရိကန် လွှတ်တော် အမတ် တွေ ကို ကျေးဇူး အထူးတင်ကြောင်း ပြောကြားခဲ့သလို မြန်မာ့ ဒီမိုကရေစီ ရေး ကို ထူးထူးကဲကဲ အားပေးခဲ့ပြီး ကွယ်လွန် သွားရှာပြီ ဖြစ်တဲ့ အောက် လွှတ်တော် အမတ် တွန် လန်းတော့စ် ကို တွေ့ဆုံခွင့် မရတော့လို့ ၀မ်းနည်းရကြောင်း ပြောခဲ့ပါတယ်။

dassk_congress

အိုဘားမား နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံစဉ်

မြန်မာ့ ဒီမိုကရေစီ ရေး ပြုပြင်ပြောင်းလဲ မှု နဲ့ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး အခက်အခဲတွေ ရှိပေမယ့် အားလုံး ဝိုင်း၀န်း ကြရင် အောင်မြင်မှာ မလွဲဘူး လို့ ယုံကြည်ကြောင်း လည်း ပြောခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ကို သမ္မတ အိုဘားမား က လည်း အိမ်ဖြူတော်မှာ လက်ခံ တွေ့ဆုံ ခဲ့ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။

Trending Now