အီရန်တော်လှန်ရေးအစောင့်တပ် တပ်မှူးတွေကို ရှင်းမယ်လို့ နေတန်ညာဟုပြော
အီရန်တော်လှန်ရေးအစောင့်တပ် တပ်မှူးတွေကို ရှင်းမယ်လို့ နေတန်ညာဟုပြော
အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ညာဟုက အီရန် တော်လှန်ရေးအစောင့်တပ်က အကြီးတန်း တပ်မှူးတွေကို ရှင်းလင်းပစ်ဖို့ သံန္နိဋ္ဌာန်ချထားကြောင်း ပြောပါတယ်။ သူက ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်းက အီရန်ရဲ့ ဒုံးကျည်တွေ ထိမှန်ခဲ့တဲ့ အစ္စရေး မြို့ ၂ မြို့ ဖြစ်တဲ့ ဒီမိုနာနဲ့ အာရဒ် မြို့တွေကို သွားစဉ်မှာ အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ဘီဘီစီ သတင်းထောက် လူစီ ဝီလယမ်ဆင်ရဲ့ သတင်းကို မသီဒါနွယ်က ပြောပြမှာပါ။



