ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အီရန်စစ်ကြောင့် ၁၄၀၀ ထက်မနည်း သေဆုံး
အီရန်မှာ စစ်ပွဲတွေ ဖြစ်ပွားနေတာ သီတင်း ၃ ပတ် ရှိလာပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ အီရန်နဲ့စစ်ပွဲကြောင့် လူ ဘယ်နှယောက် သေဆုံး ခဲ့ရပြီးပြီလဲ ဆိုတာသိရဖို့ အင်မတန် ခက်ခဲနေဆဲ ဖြစ်ပါတယ်။ အမေရိကန်က လူ့အခွင့်အရေး အဖွဲ့တခုကတော့ အရပ်သားပြည်သူ ၁၄၀၀ ထက်မနည်း သေဆုံးခဲ့ပြီး အဲဒီအထဲမှာ ကလေးသူငယ် ၂၀၀ လောက်ပါတယ်လို့ ဆိုပါတယ်။ အီရန်ကိုယ်နှိုက်ကလည်း သေဆုံးသူ အရေအတွက်ကို တရားဝင်ထုတ်ပြန်ပေးနိုင်ခြင်း မရှိပါဘူး။ နောက်ပြီး အီရန်အာဏာပိုင်တွေက တရားမဝင်တဲ့ နည်းနဲ့ အင်တာနက်ကို သုံးပြီး အဲဒီ အချက်အလက်တွေကို ပြည်ပကို ပေးဖို့ ကြိုးစားသူတွေကိုလည်း ခြိမ်းခြောက်တာတွေ ဖမ်းဆီးတာတွေ လုပ်နေပါတယ်။ ကယ်ရိုလိုင်း ဟော်လီရဲ့ သတင်းကို မသီဒါနွယ်က ပြောပြမှာပါ။