အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ အဖြစ် ဦးအောင်လင်းဒွေး ကို ရွေးချယ်
အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ အဖြစ် ဦးအောင်လင်းဒွေး ကို ရွေးချယ်
ဒီနေ့ အမျိုးသားလွှတ်တော်အစည်းအဝေး နေပြည်တော်မှာကျင်းပခဲ့ပြီး ဥက္ကဋ္ဌ အဖြစ် ဦးအောင်လင်းဒွေး ပြိုင်ဘက်မရှိ ရွေးကောက်တင်မြှောက်ခံရပါတယ်။ ဦးအောင်လင်းဒွေးဟာ စစ်တပ်အာဏာသိမ်းပြီးနောက် အမေရိကန် ယူကေ၊ အီးယူနဲ့ ကနေဒါတို့ရဲ့အရေးယူပိတ်ဆို့မှုတွေချမှတ်ခံထားရသူလည်းဖြစ်ပါတယ်။ သူဟာ လာမယ့်ရက်ပိုင်းအတွင်း ကျင်းပမယ့် သမ္မတ ရွေးပွဲကိုလည်း ကြီးကြပ်ဆောင်ရွက် ပေးရမှာပါ။ အပြည့်အစုံကို မအေးသူစံက နေပြည်တော်နေ သတင်းပေးပို့ထားပါတယ်။



