ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
CNG အငှားယာဉ်တွေ ဈေးပိုတောင်းရင် အရေးယူခံရမယ်
CNG အငှားယာဉ်တွေ ဈေးပိုတောင်းရင် အရေးယူခံရမယ်
အရှေ့အလယ်ပိုင်းပဋိပက္ခကြောင့် စက်သုံးဆီအကျပ်အတည်းဖြစ်နေချိန် အခက်အခဲမရှိတဲ့ သဘာဝဓာတ်ငွေ့ CNG သုံး အငှားယာဉ် တက္ကစီ တွေအနေနဲ့ ပုံမှန်ထက်ဈေးပိုမယူဖို့နဲ့ ဈေးပိုယူရင်အရေးယူမယ်လို့ စွမ်းအင်ဝန်ကြီးဌာနက ကြေညာထားပါတယ်။ တိုင်ကြားခံရတဲ့တက္ကစီကို CNG သုံးစွဲခွင့်စာရင်းကနေ ပယ်ဖျက်သွားမှာဖြစ်ပြီး CNG အသုံးပြုခွင့်ရဖို့ စောင့်နေသူတွေကို ပြောင်းပေးမယ်လို့ ဆိုထားပါတယ်။ ဒီအပေါ် တက္ကစီမောင်းနေသူတွေဘက်က ဘယ်လိုတုံ့ပြန်ပါသလဲ၊ အခုလိုစက်သုံးဆီ ခက်ခဲနေချိန် ဆီကားတွေပါ အလွယ်တကူ သဘာဝဓာတ်ငွေ့သုံးနိုင်အောင် လုပ်ပေးနိုင်ရင် ဒီအခက်အခဲတွေ လျော့လာနိုင်မလား။ ဒီအကြောင်း ကိုသန့်ဇင်က ပြောပြမှာပါ။