တကောင်းမြို့ကို ပြန်ရပြီလို့ စစ်တပ် ကြေညာ

ဗီဒီယို ပုံစာ, တကောင်းမြို့ကို ပြန်ရပြီလို့ စစ်တပ် ကြေညာ
တကောင်းမြို့ကို ပြန်ရပြီလို့ စစ်တပ် ကြေညာ

ဧရာဝတီမြစ် အရှေ့ဘက်ခြမ်းက တကောင်းမြို့ကို ပြန်ရပြီလို့ စစ်တပ်က ပြောပါတယ်။ ၁၉ လ ကြာ လက်လွှတ်ထားခဲ့ရတဲ့ တကောင်းကို ပြန်ရဖို့ အတွက် အချိန် တစ်လကျော်ကြာ တိုက်ပွဲဆင်နွှဲခဲ့ရပြီး တိုက်ပွဲကြီးငယ် ၈၅ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။ မန္တလေးတိုင်းအတွင်း တကောင်းမြို့ကို စစ်တပ်ပြန်ရသွားလို့ မန္တလေးတိုင်းထဲမှာ တော်လှန်ရေးအဖွဲ့တွေ ထိန်းချုပ်နိုင်တဲ့ နေရာမရှိတော့ဘူးဆိုတဲ့အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဘယ်လိုတုံ့ပြန်ပါသလဲ။ တကောင်းမြို့ဟာ စစ်ရေးအရ ဘယ်လောက်အထိ အချက်အချာကျပါသလဲ။ ဒီအကြောင်း ကိုသူရက ပြောပြမှာပါ။