ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
FBI ညွှန်မှုးကို ထရမ့် ရာထူးက ထုတ်ပယ်
အမေရိကန် ထောက်လှမ်းရေး FBI ရဲ့ အကြီးအကဲ ဂျိမ်းစ်ကိုမီကို သမ္မတ ထရမ့် ရာထူးကနေ ဖယ်ရှား လိုက်ပါတယ်။
ရှေ့နေချုပ် ဂျက်ဖ် ဆက်ရှင်စ်ရဲ့ ထောက်ခံ အကြံပြုချက်နဲ့ မစ္စတာ ကိုမီကို တာဝန်က ရပ်ဆိုင်း လိုက်တာ ဖြစ်တယ်လို့ အိမ်ဖြူတော်က ကြေညာပါတယ်။
အမေရိကန် တရားရေး ဌာနရဲ့ စည်းမျဉ်း စည်းကမ်းတွေကို လိုက်နာသူသာ FBI အကြီးအကဲ ဖြစ်သင့်တယ် ဆိုပြီး ရှေ့နေချုပ် မစ္စတာ ဆက်ရှင်စ်က သမ္မတ ထရမ့်ကို ပြောခဲ့တယ်လို့ ဆိုပါတယ်။
ဂျိမ်းစ်ကိုမီ နေရာကို အစားထိုးမယ့်သူ အမြန်ဆုံး ရှာဖွေ သွားမယ်လို့လည်း အိမ်ဖြူတော်က ပြောပါတယ်။
ဂျိမ်းစ်ကိုမီဟာ FBI အကြီးအကဲ အနေနဲ့ ပြီးခဲ့တဲ့နှစ် မဲဆွယ်ပွဲ ကာလတုန်းက ဒေါ်နယ်ထရမ့်နဲ့ ရုရှား နိုင်ငံအကြား ဆက်စပ်မှုတွေ ရှိနေခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်တွေကို ဦးဆောင် စုံစမ်း နေသူ ဖြစ်ပါတယ်။