လွှတ်တော်မှာ သမ္မတရွေးဖို့ စတော့မယ်

လွှတ်တော်မှာ သမ္မတရွေးဖို့ စတော့မယ်

မနက်ဖြန်မှာ ကျင်းပမယ့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ သမ္မတ နဲ့ ဒုသမ္မတတွေ ရွေးချယ်တင်မြှောက်နိုင်ဖို့ လုပ်ငန်းစဥ်စတင်ပါတော့မယ်။ ဒီလိုစရွေးဖို့ လွှတ်တော်ကိုယ်စားလှယ် အစည်းအဝေး ကျင်းပမယ့်ရက်ကို အဲဒီနေ့မှာ သတ်မှတ်ဖို့ရှိနေပါတယ်။ အခု သတင်းတွေထွက်ပေါ်နေသလို တပ်ချုပ်က သမ္မတ လုပ်မယ်ဆိုရင် သူ့ကို ဘယ်အစုအဖွဲ့က သမ္မတလောင်းအဖြစ် တင်လာနိုင်သလဲ။ တိုင်းရင်းသားပါတီတွေနဲ့ ပါတီငယ်တချို့ကရော တပ်ချုပ်ကို သမ္မတအဖြစ် မဲပေးကြမှာလား။ အပြည့်အစုံကို မအေးသူစံက နေပြည်တော်ကနေ သတင်ပေးးပို့ထားပါတယ်။