အီရန်စစ်ပွဲကြောင့် ရေနံဈေးတွေ ပြန်တက်

အီရန်စစ်ပွဲကြောင့် ရေနံဈေးတွေ ပြန်တက်

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က အီရန်ကို ကာတာရဲ့ အရေးကြီးတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ထုတ်လုပ်ရာ ရတ်စ် လာဖန်ကို ထပ်မတိုက်ဖို့ သတိပေးနေတဲ့ ကြားကပဲ အီရန်ကလည်း ပင်လယ်ကွေ့ နိုင်ငံတွေက စွမ်းအင် စက်ရုံတွေကို တိုက်ခိုက်မှုတွေ လုပ်ခဲ့ရာမှာ အပျက်အစီးလည်း ကြီးမားတယ်လို့ ဆိုပါတယ်။ ကာတာရဲ့ နိုင်ငံပိုင် စွမ်းအင် ကုမ္ပဏီက ဒီနေ့ မနက်အစောပိုင်းမှာ သူတို့စက်ရုံတွေ ဒုံးကျည် ထိမှန်ခဲ့ကြောင်းနဲ့ အပျက်အစီး များတဲ့ အကြောင်း ပြောပါတယ်။ အီရန်က ကနဦးတိုက်ခိုက်မှုတွေ လုပ်ခဲ့ပြီး နာရီပိုင်းအကြာမှာ အခုလို ထပ်မံ တိုက်ခိုက်ခံခဲ့ရတာ ဖြစ်ပါတယ်။ ဘီဘီစီ သတင်းထောက် ဗင်းဆင့် မက်ခက်ဗင်နီ ပေးပို့ထားတဲ့ သတင်းကို မသီရိဇော် က ပြောပြမှာပါ။