ကန့်သတ်ချက်တွေပါတဲ့ နိုင်ငံကူးလက်မှတ် ဥပဒေပြဋ္ဌာန်း

ကန့်သတ်ချက်တွေပါတဲ့ နိုင်ငံကူးလက်မှတ် ဥပဒေပြဋ္ဌာန်း

နိုင်ငံရေးဆိုင်ရာပြစ်မှုနဲ့ တရားစွဲခံရသူတွေနဲ့ ပြန်လည်လွတ်မြောက်လာသူတွေအပေါ် ကန့်သတ်ချက်တွေပါဝင်တဲ့ မြန်မာနိုင်ငံကူးလက်မှတ်ဆိုင်ရာ ပတ်စ်ပို့ ဥပဒေကို စစ်တပ် ဦးဆောင်တဲ့ အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီက မတ် ၁၇ ရက်နေ့မှာ ပြဋ္ဌာန်းလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ အရင်ကကျင့်သုံးခဲ့တဲ့ ၁၉၂၀ ပတ်စ်ပို့အက် ဥပဒေဟောင်းကို အပြီးတိုင်ဖျက်သိမ်းပြီး ဒီဥပ‌ဒေကို ပြဋ္ဌာန်းလိုက်တာပါ။ ဒီဥပဒေက နိုင်ငံရေးပြစ်မှုတွေနဲ့ ပတ်သက်သူတွေအပေါ် ဘယ်လောက်အထိကန့်သတ်ထားပါလဲ။ ဒီဥပဒေအပေါ် တုံ့ပြန်မှုတွေ ဘယ်လိုရှိနေပါလဲ။ ဒီအကြောင်း မစန္ဒာဝင်းက ပြောပြမှာပါ။