ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
စိတ်မချမ်းမြေ့စရာ ဖြတ်သန်းရတဲ့ ပါရှန် နှစ်သစ်ကူး
စိတ်မချမ်းမြေ့စရာ ဖြတ်သန်းရတဲ့ ပါရှန် နှစ်သစ်ကူး
ကမ္ဘာတလွှားမှာ ရှိနေကြတဲ့ ပါရှန် လူမျိုးတွေ အတွက် နောင်ရုဇ် လို့ခေါ်တဲ့ နှစ်သစ်ကူး ချိန်ဖြစ်ပါတယ်။ ဒီနှစ် အတွက်အီရန် ပြည်တွင်းနဲ့ ပြည်ပမှာ နေထိုင်နေကြသူတွေအဖို့ တော်တော်ကို စိတ်မချမ်းမြေ့စရာ ဖြတ်သန်းနေကြရပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းက အီရန် အစိုးရက ဆန္ဒပြသူတွေကို နှိမ်နင်းခဲ့တာတွေနဲ့ လတ်တလော အမေရိကန်၊ အစ္စရေးတို့နဲ့ အီရန်အကြား ဖြစ်နေတဲ့ စစ်ပွဲတွေကြောင့် ဖြစ်ပါတယ်။ ဘီဘီစီ သတင်းထောက် ဒန် ဂျွန်ဆင်က မကြာသေးခင်က တူရကီ နယ်စပ်ကိုဖြတ်ကျော် ဝင်ရောက်လာကြတဲ့ အီရန်လူမျိုးတွေနဲ့ တွေ့ဆုံ မေးမြန်းထားတဲ့ သတင်းကို ကိုမင်းထက် က ပြောပြမှာပါ။