ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
တောင်ကိုရီးယား ဝန်ကြီးချုပ်ကို တရားစွဲဖို့ အတိုက်အခံတွေ စီစဉ်
တောင်ကိုရီးယား နိုင်ငံမှာ ပြဿနာတွေ ဝိုင်းနေတဲ့ ဝန်ကြီးချုပ် ပါ့ခ်ဂွန်ဟေး ကို တရားဝင် တရားစွဲဆိုမယ့် အစီအစဉ်ကို ဓိက အတိုက်အခံ ပါတီတွေ ဆက်လက် ဆောင်ရွက်နေပါတယ်။
ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေတဲ့ အဂတိ လိုက်စားမှု အရှုပ်တော်ပုံကြီး အတွက် ရာဇဝတ်ကြောင်းအရ အပြစ်ရှိတဲ့ မသင်္ကာသူအဖြစ် ဝန်ကြီးချုပ် ပါ့ခ်ဂွန်ဟေး သတ်မှတ် ခံထားရတာပါ။
သူ့ရဲ့ ကာလရှည် မိတ်ဆွေဖြစ်သူ ချိုင်ဆွန်းဆေလ် ကို အစိုးရ မူဝါဒ ရေးရာတွေမှာ ပါဝင် စွက်ဖက်ခွင့် ပေးခဲ့တာ၊ မစ္စက် ချွိုင် ထိန်းချုပ်တဲ့ ကော်ပိုရေးရှင်း လုပ်ငန်းကြီးတွေအတွက် ဒေါ်လာ သန်းနဲ့ချီတဲ့ အလှူငွေတွေရဖို့ အခွင့်အရေး ပေးခဲ့တာတွေအတွက် ဝန်ကြီးချုပ် ပါ့ခ်ဂွန်ဟေး စွပ်စွဲ ခံထားရပါတယ်။
ပါလီမန်ထဲက အမတ် သုံးပုံ နှစ်ပုံ ထောက်ခံမယ် ဆိုရင် မစ္စက် ပါ့ခ်ရဲ့ လုပ်ပိုင်ခွင့် အာဏာတွေကို ရပ်စဲနိုင်ပြီး တရားစွဲဆို နိုင်မှာ ဖြစ်ပါတယ်။
မစ္စက်ပါ့ခ်ရဲ့ ပါတီဝင် တချို့ ကိုယ်တိုင်ကလည်း သူ့ကို တရားစွဲမယ့် အစီအစဉ်ကို ထောက်ခံမယ်လို့ ပြောထားပါတယ်။