အီရန်ပြည်သူတွေရဲ့ စိုးရိမ်မှုများ

အီရန်ပြည်သူတွေရဲ့ စိုးရိမ်မှုများ

အီရန် အစိုးရရဲ့ ဖိနှိပ်ရေး မူဝါဒတွေနဲ့ ပတ်သက်ဆယ်နွှယ်နေတယ်လို့ ပြောကြတဲ့ အီရန် ထောက်လှမ်းရေး ဝန်ကြီး အစ္စမေး ခါတစ်ဘ်ကို အစ္စရေး တပ်ဖွဲ့တွေက ညပိုင်းက တိုက်ခိုက်မှုတွေ အတွင်းမှာ သုတ်သင်လိုက်ကြောင်း အစ္စရေး ကာကွယ်ရေး ဝန်ကြီး အစ္စရေး ကက်ဇ်က ပြောပါတယ်။ အီရန်ပြည်သူတွေမှာတော့ အမြဲစိုးရိမ် ထိတ်လန့် နေကြရပါတယ်။ ဘီဘီစီက ရခဲ့တဲ့ ဗီဒီယိုတွေနဲ့ အင်တာဗျူးတချို့ မှာ စစ်တွင်းကာလ ပြည်သူတွေရဲ့ စိုးရိမ်မှုတွေကို မြင်ကြရပါတယ်။ ဘီဘီစီ အထူးသတင်းထောက် ဖာဂါလ် ကိန်းရဲ့ သတင်းကို ဘိုဘိုက ပြောပြမှာပါ။ အခုသတင်းထဲမှာ ပါဝင်သူတွေ ဘယ်သူဘယ်ဝါဆိုတာကိုတော့ သူတို့ လုံခြုံရေးအတွက် ဖော်ပြမထားပါဘူး။