ကနေဒါ က မြန်မာကို ဒေါ်လာ ၈.၈သန်း ကူညီ

ကနေဒါ နိုင်ငံကို ရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဇွန်လ ၇ ရက်နေ့ တုန်း က ကနေဒါ ဝန်ကြီးချုပ် ဂျပ်စတင် ထရူဒိုး နဲ့ တွေ့ဆုံခဲ့ပါတယ်။
အော့တဝါ မြို့တော် ၊ ပါလီမန်ဟေးလ် ဝန်ကြီးချုပ် ရုံးမှာ ခေါင်းဆောင် နှစ်ဦး တွေ့ဆုံ ခဲ့တာ ဖြစ်ပါတယ်။
နှစ်နိုင်ငံ ခေါင်းဆောင်တွေ ဆွေးနွေးတဲ့ အကြောင်းအရာတွေ ထဲမှာ ကနေဒါရဲ့ ဖက်ဒရယ် စနစ် အကြောင်းလည်း ပါဝင်ပါတယ်။
ကနေဒါ နိုင်ငံ ကနေ မြန်မာ နိုင်ငံ ကို လူသားချင်း စာနာ ထောက်ထား မှု အကူအညီ အနေနဲ့ ဒေါ်လာ ၈.၈ သန်း ထောက်ပံ့ ကူညီဖို့ ရှိပါတယ်။
မြန်မာနိုင်ငံကို ဒီမိုကရေစီ ဖက်ဒယ်နိုင်ငံ ဖြစ်ရေး လုပ်ဆောင်နေတဲ့ အတွက် ကနေဒါ ဖက်ဒရယ် စနစ်ကို လေ့လာရတာ ဝမ်းသာကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ အခုလ ၅ ရက်ကနေ ၉ ရက်အထိ ကနေဒါ ခရီးစဉ်ပြီးရင် ဆွီဒင်ကိုလည်း သွားဖို့ စီစဉ် ထားပါတယ်။




