လုံခြုံရေးကောင်စီ အဖွဲ့ဝင်တွေ မြန်မာပြည်ရောက်ရှိ

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အဖွဲ့ဝင် သံမတန်တွေ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့

ဓာတ်ပုံ ရင်းမြစ်, AFP/ Getty Images

ဓာတ်ပုံ ပုံစာ, ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အဖွဲ့ဝင် သံမတန်တွေ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့

ရခိုင်ပြည်နယ် ကနေ ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ထွက်ပြေး ခဲ့ကြတဲ့ ဒုက္ခသည်တွေ ပြဿနာနဲ့ ပတ်သက်ပြီး စုံစမ်း စစ်ဆေးနေတဲ့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အဖွဲ့ဝင်တွေ ပါတဲ့ သံတမန်တွေဟာ ဧပြီလ ၃၀ ရက် နေ့လယ်က နေပြည်တော် ကို ရောက်လာခဲ့ပါတယ်။

လုံခြုံရေး ကောင်စီ သံတမန်တွေဟာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်နဲ့ တွေ့ဆုံ ခဲ့ပြီး ကာကွယ် ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့လည်း သီးခြား တွေ့ဆုံ ခဲ့ပါတယ်။

အဲဒီ လုံခြုံရေးကောင်စီ အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံမယ့် UEHRD ရခိုင်ပြည်နယ် လူသားချင်း စာနာမှု အကူအညီ ထောက်ပံ့ ပေးရေး၊ ပြန်လည် နေရာ ချထားရေးနဲ့ ဖွံ့ဖြိုးရေး စီမံကိန်း ရဲ့ ညှိနှိုင်းရေးမှူးချုပ် ဒေါက်တာ အောင်ထွန်းသက် ကတော့ သူတို့ နဲ့ တွေ့ဆုံ တဲ့ အခါ ရခိုင် ပြည်နယ်မှာ ဒုက္ခသည်တွေ ပြန်လည် လက်ခံရေး၊ လူသားချင်း စာနာ မှု အကူအညီ ပေးရေး နဲ့ ဒေသဖွံ့ဖြိုးရေး ဆောင်ရွက် ထားတဲ့ အခြေအနေ တွေ ကို ရှင်းပြမယ်လို့ ဘီဘီစီ ကို ပြောပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့လည်း သီးခြား တွေ့ဆုံ

စစ်တွေမြို့မှာ ရခိုင်ပြည်နယ် အစိုးရရဲ့ လုပ်ငန်း ဆောင်ရွက်ချက် တွေကို ရှင်းလင်းပြမှာဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ ပြန်လာမယ့်သူတွေကို မောင်တော မြို့နယ်အတွင်း ကြိုဆို လက်ခံရေး စခန်းတွေ ကိုပြသမယ် လို့လည်း သူက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံ ကော့ဆက် ဘဇား ဒုက္ခသည် စခန်းတွေကို သွားခဲ့တဲ့ လုံခြုံရေးကောင်စီ ကိုယ်စားလှယ်တွေကို ဒုက္ခသည်တွေက သူတို့ ဘေးကင်းကင်းနဲ့ မြန်မာနိုင်ငံကို ပြန်လာနိုင်ရေး၊ တရားမျှတမှု ဖော်ဆောင် ပေးရေး အပါအဝင် တောင်းဆိုတာတွေ အပေါ် အစိုးရ ဘက်ကတော့ မြန်မာနိုင်ငံ အတွင်း နေထိုင်ကြတဲ့ နိုင်ငံသားတွေ အားလုံး ခံစားနိုင်တဲ့ လုံခြုံရေးမျိုး ရအောင် ကြိုးစား ဆောင်ရွက် ပေးမယ်ဆိုတာ အာမခံထားပြီး ဖြစ်တယ်လို့ ဒေါက်တာ အောင်ထွန်းသက်က ပြောပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, နယူးဒေလီက ရိုဟင်ဂျာ စခန်း

ဒုက္ခသည်တွေကို ပြန်လည် လက်ခံနိုင်အောင် နှစ်နိုင်ငံစလုံးက ကြိုးစား နေကြတာဖြစ်ပြီး နှစ်နိုင်ငံ သဘောတူ လက်ခံထားတဲ့ အတိုင်း လုပ်ဆောင် ကြရင် အမြန်ဆုံး စတင်နိုင်မှာပါလို့လည်း သူက ပြောပါတယ်။