စင်ကာပူနဲ့ မလေးရှားမှာ မီးခိုးမြူတွေ ဆိုင်း

စင်ကာပူနိုင်ငံမှာ လေထု ညစ်ညမ်းမှုဟာ စံချိန်တင် မြင့်မားနေပါတယ်။ အိမ်နီးချင်း အင်ဒိုနီးရှားက တောမီး လောင်မှုတွေကြောင့် မီးခိုးမြူတွေဟာ သုံးရက်မြောက်နေ့ အဖြစ် အုံ့ဆိုင်းနေပါတယ်။
မလေးရှားမှာလည်း လေထု ညစ်ညမ်းမှုက ကျန်းမာရေးကို ထိခိုက်စေ နိုင်လောက်တဲ့ အထိ မြင့်မားလာပါတယ်။ ဒါကြောင့် မလေးရှားမှာ ကျောင်းသူ ကျောင်းသား ၃ သိန်းလောက် တက်နေတဲ့ စာသင်ကျောင်း ၆၀၀ ကို အာဏာပိုင် တွေက ပိတ်ထားရပါတယ်။
အင်ဒိုနီးရှား အစိုးရကတော့ ဆူမတ်တြားကျွန်းမှာ လောင်နေတဲ့ တောမီးကို ရဟတ်ယာဉ်တွေပေါ်ကနေ မိုးရွာနိုင်တဲ့တိမ်တွေ အဖြစ် အသွင်ပြောင်းနိုင်တဲ့ အဆင့်မြင့် ကိရိယာတွေနဲ့ ငြှိမ်းဖို့ လုပ်ဆောင်နေပြီလို့ ပြောပါတယ်။
ဒီတောမီးဟာ တောင်ယာသမားတွေက မြေယာရှင်းလင်းဖို့ မီးရှို့ရင်းနဲ့ ဖြစ်လာတာလို့ ဆိုပါတယ်။




