ချီလီတောမီး - လူ ၁၂၀ ကျော်သေဆုံးပြီး အိမ်ထောင်ချီမီးလောင်ကျွမ်းထား

Viña del Mar က El Olivar ရပ်ကွက်က မော်တော်ယာဉ်တွေနဲ့ နေအိမ်တွေ မီးရှို့ခံရတာဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP/Getty

ဓာတ်ပုံ ပုံစာ, ဗီနာဒဲလ်မာ မြို့က အယ် အိုလီဗာရပ်ကွက် ရပ်ကွက်က မော်တော်ယာဉ်တွေနဲ့ နေအိမ်တွေ မီးရှို့ခံရတာဖြစ်ပါတယ်။

ဆယ်စုနှစ်များအတွင်း အဆိုးရွားဆုံးတောမီးဘေးနဲ့ ရင်ဆိုင်နေရတဲ့ ချီလီနိုင်ငံအလယ်ပိုင်း ဗယ်ပါရာဆို ဒေသမှာ အနည်းဆုံး လူ၁၂၂ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

ထိခိုက်ပျက်စီးမှုတွေအဆိုးရွားဆုံးဖြစ်ပွားနေပြီး ကယ်ဆယ်ရေးဝန်ဆောင်မှုတွေ အဲဒီနေရာတွေကိုရောက်ဖို့ ခက်ခဲနေတယ်လို့ အာဏာပိုင်တွေကပြောပါတယ်။

သေဆုံးသူအရေအတွက်လည်း ပိုမိုများပြားလာတယ်လို့ ပြည်ထဲရေးဝန်ကြီး ကာရိုလိုင်းနားတိုဟာက ပြောပါတယ်။

လက်ရှိမှာလူ ၃၇၀ ကျော် ပျောက်ဆုံးနေပါတယ်။ အခုတောမီးကို ချီလီမှာ အသေအပျောက်အများဆုံး တောမီးအဖြစ်မှတ်တမ်းတင်ရတဲ့အထိ ဆိုးရွားပြင်းထန်နေပါတယ်။

သေဆုံးထိခိုက်ခံရသူအများစုဟာ နွေရာသီအားလပ်ရက်အတွင်း ကမ်းရိုးတန်းဒေသလည်ပတ်ကြချိန်မှာ အခုတောမီးနဲ့ ကြုံခဲ့ကြရတာပါ။

လူ ၅၀၀ ခန့်သေဆုံးခဲ့ရတဲ့ ချီလီ ငလျင်အပြီးမှာ အခုတောမီးက အဆိုးရွားဆုံး ဘေးဒုက္ခဖြစ်တယ်လို့ ချီလီအာဏာပိုင်တွေကပြောပါတယ်။

မီးလောင်မှုအဆိုးဆုံးခံစားနေရတဲ့ Valparaíso ဒေသကအိမ်တွေ

ဓာတ်ပုံ ရင်းမြစ်, EPA-EFE

ဓာတ်ပုံ ပုံစာ, မီးလောင်မှုအဆိုးဆုံးခံစားနေရတဲ့ Valparaíso ဒေသကအိမ်တွေ
Valparaíso ရှိ Quilpe ကွန်မြူနတီမှာ ဒေသခံအမျိုးသမီးတစ်ဦး မီးငြှိမ်းသတ်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP/Getty

ဓာတ်ပုံ ပုံစာ, Valparaíso ရှိ Quilpe ကွန်မြူနတီမှာ ဒေသခံအမျိုးသမီးတစ်ဦး မီးငြှိမ်းသတ်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။

ချီလီသမ္မတ ဂါဗီရယ်ဘော်ရစ်ကတော့ နိုင်ငံကို အရေးပေါ် အခြေအနေ ကြေညာလိုက်ပါတယ်။

မီးလောင်မှုကြောင့် အိမ်ခြေ ၃,၀၀၀ ကနေ ၆,၀၀၀ ကြား မီးလောင်ကျွမ်းခဲ့တယ်လို့ ဒေသအာဏာပိုင်တွေရဲ့ စာရင်းတွေကဖော်ပြပါတယ်။

ဗယ်ပါရာဆို ဒေသအုပ်ချုပ်ရေးမှူး ရိုဒရီဂို မန်ဒါကာ ကတော့ မီးလောင်မှုက ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်မှုကြောင့်ဖြစ်ပေါ်လာတယ်လို့ ယူဆပြောဆိုပါတယ်။

"ဒီမီးလောင်ကျွမ်းမှုလေးခုက တစ်ပြိုင်နက် ဖြစ်လာခဲ့တယ်" ရိုဒရီဂို မန်ဒါကာ ကပြောပါတယ်။

“အာဏာပိုင်တွေအနေနဲ့ ရှာဖွေဖော်ထုတ်ဖို့ ပြင်းပြင်းထန်ထန် လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ လို့ သူကဆိုပါတယ်။

Viña del Mar က စေတနာ့ဝန်ထမ်းတွေက သူတို့လက်ထဲမှာရှိတဲ့ မီးငြိမ်းနိုင်တဲ့ ရေတွေ၊ ပစ္စည်းတွေသုံးပြီး အိမ်နီးနားချင်းတွေကို မီးငြှိမ်းပေးဖို့ကူညီနေကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, Viña del Mar က စေတနာ့ဝန်ထမ်းတွေက သူတို့လက်ထဲမှာရှိတဲ့ မီးငြိမ်းနိုင်တဲ့ ရေတွေ၊ ပစ္စည်းတွေသုံးပြီး အိမ်နီးနားချင်းတွေကို မီးငြှိမ်းပေးဖို့ကူညီနေကြပါတယ်။
ရဟတ်ယာဥ်တွေရဲ့အကူအညီနဲ့ ကောင်းကင်ယံကနေ မီးငြိမ်းနိုင်ဖို့ ကူညီပေးနေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, EPA/EFE

ဓာတ်ပုံ ပုံစာ, ရဟတ်ယာဥ်တွေရဲ့အကူအညီနဲ့ ကောင်းကင်ယံကနေ မီးငြိမ်းနိုင်ဖို့ ကူညီပေးနေပါတယ်။
ကယ်ဆယ်ရေးသမားတွေက မီးခိုးမွှန်သက်သာအောင် ရေနဲ့ ရေခဲတွေသုံးပြီး ဖြေရှင်းနေကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ကယ်ဆယ်ရေးသမားတွေက မီးခိုးမွှန်သက်သာအောင် ရေနဲ့ ရေခဲတွေသုံးပြီး ဖြေရှင်းနေကြပါတယ်။

ချီလီအစိုးရကတော့ ဒေသခံလူထုတွေအနေနဲ့ မီးဘေးဒဏ်သင့်တဲ့နေရာတွေဆီ မသွားဖို့ တောင်းဆိုတိုက်တွန်းနေပါတယ်။

အလယ်ပိုင်းဒေသက ရပ်ကွက်အများအပြားမှာလည်း ကယ်ဆယ်ရေးအဖွဲ့တွေဖြတ်သန်းသွားနိုင်ဖို့ ခွင့်ပြုပေမယ့် အရပ်သားလူထုတွေအတွက် ညမထွက်အမိန့်လည်းထုတ်ထားပါတယ်။

မီးသတ်သမားတွေက မီးလောင်ပြင်ထဲက ယုန်အပါအဝင် တိရိစ္ဆာန်တွေကို ကူညီကယ်တင်ပေးခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP/Getty

ဓာတ်ပုံ ပုံစာ, မီးသတ်သမားတွေက မီးလောင်ပြင်ထဲက ယုန်အပါအဝင် တိရိစ္ဆာန်တွေကို ကူညီကယ်တင်ပေးခဲ့ပါတယ်။

သဘာဝဘေးကြုံနေရချိန်မှာ ခိုးဆိုးလုယက်တွေမဖြစ်ဖို့အတွက် ကာဖျူးအမိန့်တွေလည်း ထုတ်ပြန်ထားပါတယ်။

ဗင်နာဒဲမားလို မြို့ပြဒေသတွေမှာ အခုပုံပါမြင်နေရသလိုနေအိမ်တွေ အကွက်လိုက် မီးလောင်ကျွမ်းခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ဗင်နာဒဲမာဗင်ဒဲမား လို မြို့ပြဒေသတွေမှာ အခုပုံပါမြင်နေရသလိုနေအိမ်တွေ အကွက်လိုက် မီးလောင်ကျွမ်းခဲ့ပါတယ်။
ဗင်နာဒဲမာဗင်ဒဲမား မှာ ရှိတဲ့ ဒေသခံတွေဟာ သူတို့ရဲ့ပိုင်ဆိုင်မှုတွေ ဘာတစ်ခုကိုမှမသယ်ဘဲ ထွက်ပြေးသွားကြရတာဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP/Getty

ဓာတ်ပုံ ပုံစာ, ဗင်နာဒဲမာဗင်ဒဲမား မှာ ရှိတဲ့ ဒေသခံတွေဟာ သူတို့ရဲ့ပိုင်ဆိုင်မှုတွေ ဘာတစ်ခုကိုမှမသယ်ဘဲ ထွက်ပြေးသွားကြရတာဖြစ်ပါတယ်။
ဗင်နာဒဲမာဗင်ဒဲမား မြို့ကြီးမှာ တိမ်တွေလိုမျိုး မီးခိုးတွေ ထူထပ်စွာ ဖုံးလွှမ်းနေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ဗင်နာဒဲမာဗင်ဒဲမား မြို့ကြီးမှာ တိမ်တွေလိုမျိုး မီးခိုးတွေ ထူထပ်စွာ ဖုံးလွှမ်းနေပါတယ်။
ရပ်ကွက်တစ်ခုလုံးမီးလောင်ကျွမ်းတဲ့အထိဖြစ်နေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ရပ်ကွက်တစ်ခုလုံးမီးလောင်ကျွမ်းတဲ့အထိဖြစ်နေပါတယ်။
ဗင်နာဒဲမာဗင်ဒဲမား က မီးဘေးသင့်နေအိမ်တစ်လုံး

ဓာတ်ပုံ ရင်းမြစ်, EPA/EFE

ဓာတ်ပုံ ပုံစာ, ဗင်နာဒဲမာဗင်ဒဲမား က မီးဘေးသင့်နေအိမ်တစ်လုံး

မီးသတ်သမားတွေက မြို့တွင်းမှာရှိတဲ့ ရာနဲ့ ချီတဲ့ နေအိမ်နဲ့ စက်ရုံတွေက မီးလောင်ကျွမ်းနေတဲ့နေရာတွေကို ငြှိမ်းသတ်ဖို့ နာရီပေါင်းများစွာ ကြိုးပမ်းနေကြပါတယ်။

အိမ်မွေးတိရစ္ဆာန်တွေလည်းမီးဘေးဒဏ်ခံနေကြရလို့ ကူညီကယ်ဆယ်ရေးတွေလုပ်နေကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, EPA/EFE

ဓာတ်ပုံ ပုံစာ, အိမ်မွေးတိရစ္ဆာန်တွေလည်းမီးဘေးဒဏ်ခံနေကြရလို့ ကူညီကယ်ဆယ်ရေးတွေလုပ်နေကြပါတယ်။
တောမီးတွေကနေ မြို့ပြဧရိယာတွေအထိပျံ့နှံ့လောင်ကျွမ်းနေတာဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, EPA/EFE

ဓာတ်ပုံ ပုံစာ, တောမီးတွေကနေ မြို့ပြဧရိယာတွေအထိပျံ့နှံ့လောင်ကျွမ်းနေတာဖြစ်ပါတယ်။