ဆွာရေဘေးကယ်ဆယ်ရေး ဒုတိယနေ့

ဓာတ်ပုံ ရင်းမြစ်, EPA
ဗုဒ္ဓဟူးနေ့ မနက်ပိုင်းက ရေတာရှည်မြို့နယ်မှာရှိတဲ့ ဆွာချောင်း တမံ ရေပိုလွှဲဆည် အတွင်းဘက် နံရံ ပြိုကျပြီး လျှံကျလာတဲ့ ရေတွေနဲ့ စစ်တောင်းမြစ်ရေ ပေါင်းစပ်မိပြီး ရေကြီး နေတာကြောင့် တောင်ငူမြို့ အနိမ့်ပိုင်း ရပ်ကွက်တွေနဲ့ စစ်တောင်းမြစ်ဘေး ရွာတွေက ဒေသခံ ခြောက်သောင်း လေးထောင်လောက် ဘေးလွတ်ရာ ထွက်ပြေး ပြောင်းရွှေ့ခဲ့ရပါတယ်။
လောလောဆယ် ရေဘေးကယ်ဆယ်ရေးစခန်း ၂၃ ခု ဖွင့်ထားပြီး ကျောင်း ၂၆ ကျောင်းကိုလည်း ပိတ်ထားရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, THET AUNG
ဒါပေမဲ့ စစ်တောင်းမြစ်ရေဟာ တောင်ငူမြို့ရဲ့ စိုးရိမ်ရေမှတ်ဖြစ်တဲ့ ၆ဝဝ စင်တီမီတာကို ကျော်လွန်ပြီး ၆၆၃ စင်တီမီတာကို ရောက်ရှိနေလို့ ၂၄ နာရီ အတွင်း သတိထားနေထိုင်ကြဖို့ သတိပေးထားတယ်လို့ တောင်ငူမြို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, HEIN HTET
ပျက်စီးသွားတဲ့ လမ်းတံတားတွေကို အပူတပြင်း ပြန်ပြင်ဖို့ ကြိုးစားနေကြပါတယ်။ ကာကွယ်ရေး ဦးစီးချုပ်နဲ့ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူတို့လည်း ဖြစ်တဲ့ညနေကပဲ အခြေအနေတွေ လာကြည့်သွားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, YE AUNG THU

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ရင်းမြစ်, YE AUNG THU




